သမိုင်းကြောင်း
အမျိုးသားပြတိုက်(နေပြည်တော်)သည် ဥတ္တရသီရိမြို့နယ်၊ ကုမုဒြာကြာပန်းဝိုင်းအနီး၊ ရာဇသင်္ဂဟလမ်းမကြီးပေါ်တွင် တည်ရှိပြီး (၃၅.၁၉)ဧက ကျယ်ဝန်းပါသည်။ အမျိုးသားပြတိုက်(နေပြည်တော်)ကို ၃.၆.၂ဝ၁ဝ ရက်နေ့တွင် ပန္နက်ချ စတင်တည်ဆောက်ခဲ့ပြီး ၁၅.၇.၂၀၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
အမျိုးသားပြတိုက်(နေပြည်တော်)၌ အဆောင် A, B, C, D နှင့် E ဟူ၍ အဆောင် (၅) ဆောင် ပါဝင်ဖွဲ့စည်းထားရှိပါသည်။ အဆောင် A တွင် ပြခန်း (၁)ခန်း၊ အဆောင် B တွင် ပြခန်း (၆) ခန်း၊ အဆောင် C တွင် ပြခန်း (၃)ခန်းနှင့် အဆောင် D တွင် ပြခန်း (၃)ခန်း၊ စုစုပေါင်း ပြခန်း(၁၃)ခန်း ခင်းကျင်းပြသထားပါသည်။
အဆောင် A တွင် လက်ဆောင်ပစ္စည်းများပြခန်း၊ ရှင်းလင်းခန်းမဆောင်၊ Mini Theatre၊ နှင့် ဧည့်သည်နားနေရန်နေရာတို့ ပါဝင်ပါသည်။ အဆောင် B တွင် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်းနှင့် သမိုင်းတင်ခေတ်ပြခန်း (အေဒီ ၁၁ – ၁၄ ရာစု)၊ အဆောင် C တွင် ဗုဒ္ဓအနုပညာပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ နိုင်ငံတော်သမ္မကြီးများအသုံးပြုခဲ့သောမော်တော်ယာဉ်များပြခန်း၊ အဆောင် D တွင် မြန်မာ့လက်မှုအနုပညာပြခန်း၊ အာဆီယံပြခန်း၊ ကလေးသူငယ်ပညာပေးပြခန်းတို့ကို ပြသထားပါသည်။ ကျန်ပြခန်းများဖွင့်လှစ်နိုင်ရန်အတွက်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ပြတိုက်ဆိုင်ရာအချက်အလက်များ
ပြတိုက် ဖွင့်ချိန်
နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက် ဝင်ကြေး
ပြည်ပ ၁၀၀ဝဝိ/-၊ ပြည်တွင်း ၁၀၀ဝိ/၊
ရဟန်း၊ သံဃာ၊ သီလရှင်၊ ကလေး ၊ ကျောင်းသား အခမဲ့
ပြတိုက် ပိတ်ရက်
တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ
တည်နေရာ
ကုမုဒြာကြာပန်းဝိုင်းအနီး၊ ရာဇသင်္ဂဟလမ်းမကြီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်
ခင်းကျင်းပြသထားမှု
နိုင်ငံတော်သမ္မတများ၏ လက်ဆောင်ပစ္စည်းများပြခန်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ လက်မှုအနုပညာပြခန်း၊ အာဆီယံပြခန်း၊ ကလေးသူငယ်ပညာပေးပြခန်း