မြန်မာ့သမိုင်းမှတ်တမ်းများတွင် ရှေးနှစ်ပေါင်းထောင်ချီကာလကပင် အသုံးပြုခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် မြန်မာ့သနပ်ခါးကို UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တွင် အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအား ပူးပေါင်းပါဝင်နိုင်ရန်နှင့် ပညာပေးနိုင်ရန် ရည်ရွယ်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ အမျိုးသားပြတိုက်(နေပြည်တော်၊ ရန်ကုန်)၊ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးရှိ ရှေးဟောင်းသုတေသနပြတိုက်များ၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်များ၌ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။



ပြတိုက်များသို့လာရောက်လည်ပတ်သော ပြည်တွင်း/ ပြည်ပဧည့်သည်များ၊ ကျောင်းသား/ကျောင်းသူများ ကို သနပ်ခါးနှင့်ပတ်သက်သော သိမှတ် ဖွယ်ရာများကို ခင်းကျင်းပြသခြင်း၊ ပြတိုက်သို့လာရောက်သူများသည် သနပ်ခါးလိမ်းခြယ်ခြင်းကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ်အနေနှင့် လှုပ်ရှားမှုအစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။



သို့ဖြစ်ပါ၍ အမျိုးသားပြတိုက်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပြတိုက်များသို့လာရောက်လည်ပတ်ကြည့်ရှုရင်း၊ သနပ်ခါးမွှေးမွှေး လေးကို လိမ်းခြယ်နိုင်သော မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ်ကို လာရောက် ဆင်နွှဲနိုင်ရန် ဆောင်ရွက်ထားရှိပါကြောင်း သတင်းစကားပါးအပ်ပါသည်။



